ကန်ကြီးထောင့်မြို့နယ် ဒါးကတွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဒါးကတိုက်နယ်အုပ်ချုပ်ရေးမှူး ဖလားအမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

ကန်ကြီးထောင့် ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကတွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်တွင် ဒါးကဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးနိုင်လင်းအောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဘောလုံးပွဲဆိုင်ရာ စည်းမျဉ်စည်းကမ်းများအား ပုသိမ်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင် ဦးစီးမှူး  ဦးသိန်းဇံက ရှင်းလင်းခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အသင်း (၄၀) မှ အုပ်စု (၅) စု ခွဲ ၍ ယမန်နေ့ နေ့လယ်မှစတင်၍ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြသည်။ အဆိုပါအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲအား ပွဲစဉ် (၉၈) ပွဲ ကစားသွားမှာဖြစ်ပြီး ဒါးက တိုက်နယ်အတွင်းရှိ ကျေးရွာအုပ်စု (၈) အုပ်စု မှ ဘောလုံးအသင်းများ ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး ဗိုလ်လုပွဲ ပွဲစဉ်အား ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မဇင် (ပြန်/ဆက်)