မဘိမ်းမြို့ အ.လ.က(ခွဲ)နမ့်ပုံးပုံး၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

မဘိမ်း ဇန်နဝါရီ ၁၈         

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ နမ့်ပုံးပုံး၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို  ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်  အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ နမ့်ပုံးပုံးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော် တို့နွဲပျော်တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး အခြေခံပညာအလယ် တန်းကျောင်း(ခွဲ)၊ နမ့်ပုံးပုံးကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစိုးလွင်က ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ နမ့်ပုံးပုံးကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစိုးလွင်နှင့် ဆရာ၊ ဆရာမများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)