ရန်ကင်းမြို့နယ်ရှိ အခြခံပညာကျောင်းများတွင် အသက် ၅ နှစ်မှ အသက် ၁၂နှစ်အထိ ကျောင်းသား/ သူ(၃၁၄)ဦးအား Sinopharm Booster အား ဆက်လက် ထိုးနှံပေးလျက်ရှိ

ရန်ကင်း ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အသက် ၅နှစ်မှ ၁၂နှစ်အထိ ကျောင်းသား/ သူများအား Sinopharm Booster ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၈:၀၀ နာရီက ရန်ကင်းမြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း(အလယ်တန်းကျောင်းခွဲ)တွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ကာကွယ်​ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ သူ (၃၁၄) ဦးအား Sinopharm Booster ကာကွယ်ဆေးရာနှုန်းပြည့်ပြီးစီးရေး အရှိန်အဟုန်မြှင့် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ထို့နောက် ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်ကျန်းမာရေးမှူး၊ အ.မ.က(၁) ကျောင်းအုပ်ကြီးနှင့် ဆရာ/ မများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျောင်းကော်မတီဝင်များ၊ မြို့မိ၊မြို့ဖများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးစေခြင်း၊ ခြောက်ပေအကွာမှာ စောင့်ဆိုင်းစေခြင်းတို့ကို ပြုလုပ်ကာ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဌာနမှ ဒုတိုင်းကျန်းမာရေးဦးစီးဌာနမှူး Dr သက်စုမွန် ဦးဆောင်သောအဖွဲ့မှ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

အိရွှေစင်(ပြန်/ ဆက်)