သတင်းများ

လောင်းလုံးမြို့၌ မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များအခမဲ့ ဖြန့်ဝေခြင်းနှင့်( 191) စတေကာများ ကပ်နှိပ်ခြင်းများ ပြုလုပ်
Apr 21,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ပါက အလွယ်တကူ မီးငြှိမ်းသတ်န်ိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးအရာရှိ ဦးမျိုးဇော်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၇ နာရီအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအခမဲ့ ဖြန့်ဝေခြင်းနှင့် (191)စတေကာများ ကပ်နှိပ်ခြင်းများကို မြို့မစည်ပင်သာယာရေးစျေးနှင့် လမ်းဆုံလမ်းခွ၌ ပြုလုပ်သည်။
ကျိုက်ဒုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ
Apr 21,2023
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယမန်နေ့ နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း ( Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပသည်။
ရေပုတ်ကြီးကျေးရွာ၌ ဆံရစ်ဝိုင်းလူငယ်အဖွဲ့မှ အသက်ကြီးဘိုးဘွားများအား နေအိမ်အရောက် ပူဇော်ကန်တော့ပွဲ ကျင်းပ
Apr 21,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ၌ ဆံရစ်ဝိုင်းလူငယ်အဖွဲ့မှ ရွာရှိ အသက်ကြီး အဘိုး၊ အဘွားများအား နေအိမ်အရောက် သွားရောက်ပူဇော် ကန်တော့ခဲ့ကြောင်း ဆံရစ်ဝိုင်း လူငယ်အဖွဲ့ခေါင်းဆောင် မပြုံးလေးထံမှ သိရသည်။
ပေါက်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Apr 21,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဖန်ခါးမြေလက်ကမ်းစာစောင်များကို ယနေ့နံနက်(၇)နာရီအချိန်က လူစည်ကားရာနေရာများဖြစ်သည့် မြို့နယ်စည်ပင်သာယာဈေး၊ ယာယီပျံကျဈေးနှင့်မြို့ပေါ်(၄)ရပ်ကွက်သို့  မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေခဲ့ကြသည်။
မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက်အတွင်းရှိ အိမ်‌ထောင်စုစာရင်း‌ရှိ အခြေခံ လူတန်းစားများအား လစဉ်ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနား ကျင်းပ
Apr 21,2023
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုး၊ဘွားများအား အိမ်ထောင်စုစာရင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၁၇၀)စုအနက် (၃၆)စုအား အဌမအကြိမ်မြောက် လစဉ်အလှည့်ကျ ဆန်၊ ဆီ၊ ကြက်ဥများ၊ ကြက်သွန်များနှင့်‌ ငွေသားများကို ယနေ့နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန်အတွင်း ရေဝင်ရောက်မှုနည်းပါးသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေး
Apr 21,2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန်အတွင်း ရေဝင်ရောက်မှုနည်းပါးသည့် အခြေအနေကို ယမန်နေ့ မွန်းလွဲပိုင်းက လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
သီပေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်း ဆောင်ရွက်
Apr 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များသို့  စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ် ပန်းထိမ်းကျေးရွာ၌ YMBA အသင်းခွဲ(၁၃) အမှုဆောင်ကော်မတီပြင်ဆင်ဖွဲ့စည်းရေးနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 21,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပန်းထိမ်းကျေးရွာအုပ်စု ပန်းထိမ်းကျေးရွာ အောင်နန်းမြေကျောင်းတိုက်တွင် အောင်နန်းမြေကျောင်းဆရာတော်ဘဒ္ဒန္တသုမနအားအမှူးပြုပြီး ပညာရေးဝန်ကြီးဌာန သုတေသနဦးစီးဌာန