မြောင်းမြမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မြောင်းမြ ဧပြီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊   မြောင်းမြမြို့၌  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  မြရွှေဝါခန်းမ၌  ဧပြီလ ၂၀ ရက်၊  နေ့လယ် ၂ နာရီအချိန်က မြောင်းမြမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌နော်မိုင်လှကြည်က အဖွင့်အမှာစကား ပြောကြားရာတွင် မြောင်းမြမြို့နယ်၏ စီးပွားရေး GDP သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ရာခိုင်နှုန်းတိုးတက်လာတာတွေ့ရကြောင်း၊ ယခင်နှစ်များ၏ အားနည်းချက်များ၊  အတွေ့အကြုံများကို နမူနာယူပြီး ယခုနှစ်အတွက် ဒေသန္တရစီမံကိန်းများကို ဘဏ္ဍာနှစ်အတွင်း ရည်မှန်းချက်အောင်မြင်အောင်၊ အချိန်ကိုက်ပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုကြောင်း၊ မြို့နယ်အတွင်း စိုက်ပျိုးရေး  မွေးမြူရေးလုပ်ငန်းများ လျာထားချက်ပြည့်မီကျော်လွန်ရေနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးအုန်းသိန်း၊ မြို့နယ်စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်ဌေးဌေးမော်တို့က ဌာနဆိုင်ရာများအား ဒေသန္တရစီမံကိန်းတာဝန်များကို ဆက်လက်ပေးအပ်ပါသည်။

အဆိုပါဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွအခမ်းအနားကို မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ဝေဝေ(မြောင်းမြ)