ဆင်ပေါင်ဝဲ ဧပြီ ၂၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ အခြေခံ ရှေးဦးပြုစုနည်းသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြုလုပ်သည်။
ဆက်လက်ပြီး သင်တန်းများကို မြို့နယ်ပညာရေးမှူးရုံးက ကြီးမှူး၍ နွေရာသီကျောင်းအားလပ်ရက်များ၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ကြွယ်ဝစေရန်၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များ သယ်ပိုးဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အခြေခံရှေးဦးပြုစုနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံရှေးဦးပြုစုနည်းသင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ ၁၅ ဦးတို့အား ကြက်ခြေနီတပ်ဖွဲ့ဝင် ၃ ဦးတို့က သင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ၇ ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)