သံတောင်ကြီး ဧပြီ ၂၇
ကရင်ပြည်ယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး(VDP) စီမံကိန်းကျေးရွာများ ရွေးချယ်ခြင်းအခမ်းအနားကို ဧပြီလ(၂၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းဗိုလ်က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မွန်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)စီမံကိန်းကျေးရွာများ ရွေးချယ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းဗိုလ်နှင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများက ပထမဦးစားပေး (VDP)ကျေးရွာ(၇)ရွာ၊ ဒုတိယဦးစားပေး(VDP)ကျေးရွာ (၉)ရွာတို့အား လျာထားရွေးချယ်ခြင်း အတည်ပြုခြင်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
နော်နော်မူ