ရသေ့တောင် ဧပြီ ၂၇
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပညာရေးကဏ္ဍ အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့ နေ့လည်(၁၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက ပညာရေးကဏ္ဍ အသိပညာပေး Talk Show ဆောင်ရွက်ရခြင်းများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်ပညာရေးဌာနမှ လက်ထောက်ပညာရေးမှူး ဦးဇော်မင်းနိုင်က ဆွေးနွေးပြောကြားရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသင်ခန်းစာအပြင် စက်မှုနည်းပညာ၊ စိုက်ပျိုးရေးအတတ်ပညာ၊ မွေးမြူရေးအတတ်ပညာများကိုပါ သင်ကြားပို့ချပေးသွားဖြစ်ကြောင်း ယင်းပညာရပ်တွေကို ရခိုင်ပြည်နယ် အတွင်း စစ်တွေ၊သံတွဲ၊အမ်းမြို့နယ်များတွင် စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ယင်းအတတ်ပညာများနှင့် အထက်တန်းအောင်မြင်ပြီး ကျောင်းသား၊ကျောင်းသူများအနေဖြင့် အတန်း(၃)တန်းခွဲခြားပြီး အဆင့်မြင့်အောင်မြင်သူများကို သက်ဆိုင်ရာ တက္ကသိုလ်များတွင် တတ်ရောက်သင်ကြားခွင့်ရရှိကြမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။
ထွန်းလင်းကျော်(ပြန်/ဆက်)