ကျိုင်းတုံမြို့၌ Book Club (စာပေချစ်မြတ်နိုးသူများအသင်း)မှ စာပေမြှင့်တင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပွဲ ကျင်းပ

ကျိုင်းတုံ ဧပြီ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ Book Club (စာပေချစ်မြတ်နိုးသူများအသင်း) ဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး Book Club (စာပေချစ်မြတ်နိုးသူများအသင်း)ဥက္ကဋ္ဌ ဦးလှမြင့်နှင့် အသင်းဝင်များကို စာဖတ်ဝိုင်းများ ပိုမိုအောင်မြင်ကျယ်ပြန့်စွာ ကျင်းပနိုင်ရေး၊ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်၊ လူရွယ်များ အားလပ်ချိန်များတွင် စာဖတ်ဝိုင်းများမှတစ်ဆင့် ဗဟုသုတများ၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန် ဆောင်ရွက်သွားနိုင်ရေး အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)