သဲကုန်း ဧပြီ ၂၇
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်သစ်တောဦးစီးဌာနရုံး မြို့မပျိုးဥယျာဥ်တွင် ဒေသတွင်းစိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်ပေါင်း(၂၅၀၀၀) ဖြန့်ဝေစိုက်ပျိုးရန် ပျိုးထောင်ထားရှိကြောင်းနှင့် လာမည့်မေလနှင့်ဇွန်လတွင် မြို့နယ်အတွင်း စိုက်ပျိုးနိုင်ရေးဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဒေသတွင်းစိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာစေရေးအတွက် လာမည့်မိုးဦးရာသီတွင် သစ်ပင်များစိုက်ပျိုးရန် သဲကုန်းမြို့နယ်သစ်တောဦးစီးဌာနရုံးရှိ မြို့မပျိုးဥယျာဉ်တွင် လူထုဖြန့်ဝေရန်ကျွန်း(၉၀၀၀)၊ ပိတောက်(၅၀)၊ စိန်ပန်းကြီးအနီ(၅၀)၊ ရေတမာ(၁၅၀၀)၊ မြန်မာကုက္ကို(၅၀)၊ ကုလားကုက္ကို(၅၀)၊ ဗန်ဒါ(၅၀)၊ ပျဉ်းကတိုး(၃၀၀၀)၊ မန်ဂျန်ရှား(၄၂၅၀)၊ ယူကလစ်(၇၀၀၀) စုစုပေါင်းပျိုးပင်(၂၅၀၀၀) ပျိုးထောင်ဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှူးဦးသိန်းလွင်ထံမှ သိရသည်။
အဆိုပါ ပျိုးထောင်ထားရှိသော ပျိုးပင်(၂၅၀၀၀)အနက်မှ ရွှေကျွန်းတောကြိုးဝိုင်း၊ အကွက်အမှတ်(၁)တွင် သစ်ပင်စိုက်ပွဲတော်အတွက် ကျွန်း၊ ပျဉ်းကတိုးယူကလစ်၊ မန်ဂျန်ရှား၊ ရေတမာ၊ စိန်ပန်းကြီးအနီ စုစုပေါင်း(၁၅၀)ပင် လျာထားကြောင်းနှင့် ရဲရဲ့ကန်အုပ်စု၊ တောင်ချောင်းကွက်သစ်၊ လမ်းနံဘေးတွင် ကျွန်း၊ ပျဉ်းကတိုးယူကလစ်၊ မန်ဂျန်ရှား၊ ရေတမာ၊ စိန်ပန်းကြီးအနီ၊ (၃၆၀)ပင် စိုက်ပျိုးသွားနှင့်ကျန်ပျိုးပင်များကို ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံပြည်သူများသို့ဖြန့်ဝေသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနရုံးမှ သိရသည်။
မြို့နယ်၊ ပြန်/ဆက်