သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြိုင်ပွဲများပြုလုပ်

သံတောင်ကြီး ဇွန် ၃၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် ၉ နာရီအချိန်က  ပြိုင်ပွဲများပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲပြုလုပ်ပေးခြင်းဖြင့် ကျောင်းနေအရွယ်ကလေးသူငယ်များ တိုင်းရင်းသားဘာသာ စကားကိုတန်ဖိုးထားတတ်စေရန်၊ ဉာဏ်ပညာ စွမ်းရည်အတွေးအခေါ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းအလေ့အထများ ရှိစေရန်အတွက် ပြုလုပ်ပေးခြင်းဖြစ်ပြီး ဘွဲကရင်ကဗျာရွတ်ပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား(၈)ဦး၊ ပန်းချီပြိုင်ပွဲတွင်ကျောင်းသူ၊ ကျောင်းသား (၉)ဦး၊ စကောကရင်ပုံပြင် ပြောပြိုင်ပွဲတွင် ကျောင်းသူ၊ ကျောင်းသား(၈) ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား မြို့နယ်ဦးစီးမှူး နော်လော်မူနှင့်ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

နော်နော်မူ