ချောက်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်ခွဲမှမိုးရာသီ စိုက်ပျိုးစရိတ်​ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

ချောက် ဇွန် ၃၀

မ​ကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအတွက်၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျေးရွာအုပ်စု(၁)အုပ်စုရှိ တောင်သူဦး ရေ(၁၁၄)ဦးအတွက် ငွေကျပ်(၆၆၀) သိန်း ထုတ်ချေးပေးခဲ့ပြီး ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်​ချေး​ငွေ ကျပ်သိန်း(၃၀၀၀၀) ထုတ်ချေးပေးသွားမည်​ဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ငွေကျပ် ၁၀၀ လျှင် တစ်နှစ်လုံး အတွက်အတိုး ၅ ရာခိုင်နှုန်းဖြင့် မေ ၁၉ ရက်​နေ့စ၍ ထုတ်ချေးပေးလျက်ရှိရာ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်​ကြောင်း၊ တောင်သူတစ်ဦးလျှင် စိုက်ပျိုးမြေဧက ၁၀ ဧကအထိ ထုတ်ချေးပေးလျက်ရှိပြီး သီးနှံပေါ်ချိန်တွင် အတိုးအရင်းပေါင်း၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း၊ စပါးတစ်ဧက​လျှင် ငွေကျပ် ၁၅၀,၀၀၀ နှုန်းနှင့် အခြားသီးနှံမြေပဲ၊ နှမ်း၊ ပဲစိမ်းငုံ၊ တစ်ဧကလျှင် ​ငွေကျပ် ၁၀၀,၀၀၀ နှုန်း ဖြင့်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ချောက်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၉)စုတွင် မိုးရာသီစိုက်ပျိုး​စရိတ်​ချေး​ငွေများ ထုတ်ချေးပေးလျက်ရှိရာ ကျေးရွာအုပ်စု(၄)အုပ်စု တောင်သူဦးရေ(၃၈၇)၊ ဧကပေါင်း (၂၄၂၃)ဧက အတွက် ထုတ်ချေးငွေကျပ် (၂၄၂၃) သိန်းအား ထုတ်ချေးပေးခဲ့​ပြီးဖြစ်ကြောင်း၊ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာထံမှ သိရသည်။

ကျော်မိုး(ပြန်/ဆက်)