မန္တလေးမြို့တွင် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာပြည်သူ့စာကြည့်တိုက်များသို့ စာအုပ်များလှူဒါန်း

ပြည်ကြီးတံခွန် ဇွန် ၃၀

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ခရိုင်၊မြို့နယ်၊ ရပ်ကွက်ကျေးရွာ ပြည်သူ့စာကြည့်တိုက်များသို့ စာအုပ်လှူဒါန်းပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က စာအုပ်များလှူဒါန်းရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး နန်းဦးတိုက် ကျောင်းဆရာတော် မဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာသဒ္ဓမ္မ‌ ဇောတိကဓဇအမျိုးသားစာပေဆုရှင် ဘန္ဒန္တပညာသာရ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနသို့ လှူဒါန်းထားရှိသည့် စာအုပ်များဖြစ်သည့် မြန်မာ့‌ရှေးရိုးပန်းချီဗုဒ္ဓဝင်စာအုပ်နှင့် ပန်းအလင်္ကာဗုဒ္ဓ ဖြစ်တော်စဉ် သမိုင်းစာအုပ် စုစုပေါင်း(၄၆)စုံကို မန္တလေးခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က ပြည်ကြီးတံခွန်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ အမရပူရမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်ရှိ ခရိုင်/မြို့နယ်ပြည်သူ့စာကြည့်တိုက်(၇) တိုက်ရှိ တာဝန်ရှိ မြို့နယ်ဦးစီးမှူးများကို ထပ်ဆင့်ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်ပြီး ယင်းမြို့နယ်ဦးစီးမှူးများက မန္တလေးခရိုင်အတွင်းရှိ ရပ်ကွက်၊‌ ကျေးရွာစံညီစာကြည့်တိုက်(၃၄)တိုက်၊ ‌ ကျောင်းစာကြည့်တိုက် (၅) တိုက် စုစုပေါင်း စာကြည့်တိုက် (၃၉)တိုက်ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများထံ ဆက်လက်ထပ်ဆင့်ပေးအပ်လှူဒါန်းခဲ့ရာ စာအုပ်တန်ဖိုး စုစုပေါင်း ကျပ် ငါးဆယ့်ခုနစ်သိန်းငါး‌သောင်း‌တိတိ ရှိကြောင်း သိရသည်။

ဇင်မင်းမောင်