ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် သဘာဝဘေးအန္တရာယ်အသိပညာပေး Talk Show ဆောင်ရွက်

ဒဂုံဆိပ်ကမ်း မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ် အသိပညာပေး  Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူကပြောကြားရာတွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်စီမံဆောင်ရွက်ရမည့်အချက်များကို ပြည်သူများသိရှိစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မုန်တိုင်းသတိပေးချက်အရောင်အညွှန်းနှင့် လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ မုန်တိုင်းသတိပေးချက်ရလျှင်ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များကို ဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူးဒေါ်စန္ဒာက  ​မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များကို ပြည်သူများသိရှိစေရန် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အေးမဥ္ဇူ