ကျွန်းလှ မေ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒေသခံပြည်သူများအား တန်ဘိုးသင့် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်ရေးအတွက် ယနေ့နံနက် ၆ နာရီက သစ်ရာမြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တန်ဘိုးသင့် စားသောက်ကုန်များ ရောင်းချပေးရာတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူး ဦးဆောင်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများက ဆန်တစ်ပြည်၊ ဆီတစ်ဆယ်သား၊ ကြက်ဥလေးလုံးပါ ပစ္စည်းသုံးမျိုးကို ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် အိမ်ထောင်စု ၂၀၀ အား လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)