၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ဆောင်ပုဒ် ဗီနိုင်းစိုက်ထူပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်

ပုသိမ် မေ ၁၀

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ဆောင်ပုဒ် ဗီနိုင်းစိုက်ထူပွဲအား ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးပညာရေးမှူးရုံးရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွက် ဆောင်ပုဒ်မှာ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဖြစ်ပြီး ၂၀၂၃ခုနှစ်၊ ​မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်စက်မှုစီမံကိန်းသို့ သွားရောက်၍ ပေါင်းဆန်စက် တည်ဆောက်​နေမှုအ​ခြေအ​နေများ၊ ဆန်သို​လှောင်ထားရှိရန် ပြင်ဆင်​ဆောင်ရွက်​နေမှု အ​ခြေအ​နေများ၊ ဝယ်ယူကြိတ်ခွဲမည့် အ​ခြေအ​နေများ၊  ပြည်ပနှင့် ရန်ကုန်​စျေးကွက်များသို့ တင်ပို့မည့် အ​ခြေအ​နေများ၊ ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်၍  မတ်ပဲ တင်ပို့ရောင်းချနိုင်ရန် ပဲသန့်စင်ခြင်းချိန်တွယ်ခြင်းနှင် ပဲနမူနာပေးပို့နိုင်ရန် ဆောင်ရွက်နေမှု များအား ပုသိမ်စက်မှုစီမံကိန်း ဒုတိယဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်ပပို့ကုန်များ အရည်အ​သွေးပြည့်ဝမှုရှိ​စေရေး၊ ပြည်ပပို့ကုန်များ တိုးမြှင့် တင်ပို့နိုင်​ရေးအတွက် အရည်အ​သွေးပြည့်ဝ​သော ထုတ်ကုန်များ ထုတ်လုပ်နိုင်​ရေးနှင့် မုန်တိုင်းအန္တရာယ် သတိပေးချက်များ ထုတ်ပြန်လျက်ရှိရာ ဝယ်ယူစုဆောင်းထားရှိသည့် သီးနှံများ ထိခိုက်ပျက်စီးမှုမရှိစေရေး လုံခြုံစွာဖုံးအုပ်ထားရှိရန်၊ အမိုးအကာအောက်များတွင် သိုလှောင်သိမ်းဆည်းထားရန် မှာကြားခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)