ကြံခင်း မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် စိုက်ထူဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပညာရေးမှူးဒေါ်ဌေးဌေး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇေမင်းထွန်းနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန၏ “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံစို့” ဟူသော မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့ထိ ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာကို စုပေါင်းစိုက်ထူကြသည်။
ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၂၂)ကျောင်းနှင့် ဘုန်းတော်ကြီး စာသင်ကျောင်း(၂)ကျောင်းအပါအဝင် အခြေခံပညာ ကျောင်းပေါင် း(၁၂၄)ကျောင်း ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)