ပေါင်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆိုင်းဘုတ်စိုက်ထူ

ပေါင် မေ ၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆိုင်းဘုတ်စိုက်ထူရေးကိုယနေ့နံနက် (၉) နာရီက (အ.ထ.က)ပေါင် ကျောင်းရှေ့၌ စိုက်ထူခဲ့ကြောင်း သိရသည်။

ဆိုင်းဘုတ်စိုက်ထူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရဲမှူးသံမရောင်၊ ပေါင်မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင် တို့က အမွှေးနံ့သာတို့ဖြင့် ပက်ဖျန်းကာ ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်ကြစို့ ဆိုင်းဘုတ်အား စိုက်ထူခဲ့ကြပြီး ဘင်ခရာအဖွဲ့များက ဂုဏ်ပြု ကပြဖျော်ဖြေခဲ့ကြသည်။အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ  တက်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူပင် ဇင်းကျိုက်မြို့ရှိ (အ.ထ.က)ဇင်းကျိုက် ကျောင်းတွင်လည်း မြို့အုပ်ချုပ်ရေးမှူး ဦးတိုးဝေအောင်နှင့် (အ.ထ.က)ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးမြင့်တို့ကလည်း အမွှေးနံ့သာတို့ဖြင့် ပက်ဖြန်းကာ ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်ကြစို့ ဆိုင်းဘုတ်အား စိုက်ထူခဲ့ကြကြောင်း သိရသည်။ အဆိုပါ ကျောင်းအပ်‌နှံရေးနေ့သည် မေလ (၂၃) ရက်နေ့မှ မေလ (၃၁)ရက်နေ့အထိ ပိတ်ရက်မရှိ ကျောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)