ထားဝယ် မေ ၉
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ ဆိုင်းဘုတ် ကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် စိုက်ထူသည်။
ရှေးဦးစွာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာဆိုင်းဘုတ်အား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးသန့်ဇင်က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် တာဝန်ရှိသူများက ကျောင်းအပ်နှံရေး ပိုစတာဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆရာ/ဆရာမများတို့က အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရသည်။
ခရိုင်(ပြန်/ဆက်)