တောင်တွင်းကြီးမြို့နယ်၌ “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူ

တောင်တွင်းကြီး မေ ၉

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍  “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဟူသောမြေစိုက်ပိုစတာဆိုင်းဘုတ်အား မြို့နယ်ပညာရေးမှူးရုံး ရှေ့တွင် ယနေ့နံနက်(၉)နာရီက စိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစိုက်ပိုစတာတွင် ၂၀၂၃ ခုနှစ်၊ မေလ (၂၃) ရက်နေ့မှ မေလ (၃၁) ရက်နေ့ထိသည် ကျောင်းအပ်နှံရေးသီတင်းပတ် အဖြစ်သတ်မှတ်ထားရာ ကျောင်းသားမိဘများအနေဖြင့် သတ်မှတ်ထားသည့် သီတင်းပတ်အတွင်း မိမိတို့၏ သားသမီးများအား အချိန်မီကျောင်းအမြန်အပ်နှံရေး ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းနှင့် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာအရ  ၂၀၂၃ ခုနှစ် မေလ (၂၃) ရက်နေ့မှ (၃၁) ရက်နေ့ထိ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

အဆိုပါ ကျောင်းအပ်နှံရေးမြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူပွဲသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ခိုင်ထွန်း၊ အဖွဲ့ဝင်(၂) ဦးလှသောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)