သတင်းများ

လယ်ဝေးမြို့နယ် အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့တွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်
May 10,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများဖြစ်သည့် အောင်မြင်ကုန်းရွာနှင့် တံတားဦးကျေးရွာတို့တွင် ယမန်နေ့နံနက် ၇ နာရီက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့၌ မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် တစ်စုံတစ်ခု ကျရောက်ပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ကယ်ဆယ်ရေး ပစ္စည်းများ ထားရှိ
May 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် သဘာဝဘေးတစ်စုံတစ်ခု ကျရောက်ပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ကယ်ဆယ်ရေး ပစ္စည်းများ အဆင်သင့်ကြိုတင် ထားရှိခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ကလိန်အောင်နယ်မြေ မီးသတ်ဦးစီးဌာနရုံးတွင် ပြင်ဆင်‌ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်တွင် သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 10,2023
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် သဘာဝဘေးစီမံခန့်ခွဲမှု ဆောင်ရွက်မည့် အစီအမံနှင့် ပတ်သက်သည့်ဆောင်ရွက်ထားရှိမှုအခြေအနေအား ချပြဆွေးနွေးသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
မိုးစပါးစိုက်တောင်သူများအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများထုတ်ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် ၂၀၂၂-၂၀၂၃ မိုးစပါးစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ကျပ်နှစ်သိန်းနှုန်းနဲ့ညီမျှသည့် သွင်းအားစုများထုတ်ချေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်သမဝါယမဦးစီးဌာန ခန်းမ၌ ပြုလုပ်သည်။
ညောင်ဦးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ပြုလုပ်
May 10,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ ယနေ့နံနက် ၁၀ နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန ခရိုင်အစည်းအဝေးခန်းမ၌ မုန်တိုင်းဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် များအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် ညောင်ဦးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့၌ မုန်တိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
May 10,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဝင်များ ပူးပေါင်း၍ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့၊ နေ့လယ်ပိုင်းက သင်္ဘောဆိပ်၊ လှေဆိပ်များ၊ မြို့မဈေးကြီးနှင့် လမ်းသွားလမ်းလာ ပြည်သူ များအား ဖြန့်ဝေခဲ့ကြသည်။
အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း မြိုင်ကြီးငူနှင့် ဘားအံတို့တွင် သင်တန်းများ ဖွင့်လှစ်
May 10,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(မြိုက်ကြီးငူ)၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ ၈ ရက်နေ့ နံနက် ၈ နာရီခန့်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ နယ်မြေခံတပ်မတော်အရာရှိများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားကာ သင်တန်းသူများအတွက် ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်အစရှိသော စားသောက်ကုန်များကို ထောက်ပံ့ပေးအပ်သည်။
မိုင်းဆတ်မြို့၌ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ကြိုတင်ပြင်ဆင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
May 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ကြိုတင်ပြင်ဆင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။