မိုင်းဆတ်မြို့၌ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ကြိုတင်ပြင်ဆင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းဆတ် မေ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ကြိုတင်ပြင်ဆင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အေးမင်းဦးက သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုအချိန်မီ ဆောင်ရွက်နိုင်ရန်အဖွဲ့များဖွဲ့စည်း၍ စီမံခန့်ခွဲမှုများ ကြိုတင်ပြင်ဆင်ထားနိုင်ရေး၊ ရပ်ကွက်၊ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ရပ်ကွက်၊ ကျေးရွာအလိုက် ကူညီကယ်ဆယ်ရေးအဖွဲ့များဖွဲ့စည်းရေး၊ ကယ်ဆယ်ရေးပစ္စည်းများ၊ ဆေးဝါးများ၊ အစားအသောက်များ ကြိုတင်စုဆောင်းထားရှိရေး အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က အရေးပေါ်အခြေနေများဖြစ်ပေါ်လာပါက စားနပ်ရိက္ခာကူညီထောက်ပံ့နိုင်ရေးနှင့် လမ်းတံတားများ ကြိုတင်စစ်ဆေးဆောင်ရွက်ရန်အချက်များကို ထည့်သွင်းဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူတို့က ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)