ညောင်ဦးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ညောင်ဦး  မေ  ၁၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ ယနေ့နံနက် ၁၀ နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန ခရိုင်အစည်းအဝေးခန်းမ၌ မုန်တိုင်းဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် များအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် ညောင်ဦးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မုန်တိုင်းမဖြစ်ပွားမီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ မုန်တိုင်းဖြစ်ပွားနေချိန် တုံပြန်မှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ မုန်တိုင်းဖြစ်ပွားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရေး အပိုင်း(၃)ပိုင်းကို တာဝန်ရှိသူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ လက်ရှိအချိန်တွင် ကြို တင်ကာကွယ်ရေးအပိုင်း၌ စုဖွဲ့မှုများ၊ ဆော်ဩရေးအဖွဲ့မှ မုန်တိုင်းသတင်းကို ပြည်သူများ သိရှိနိုင်ရေး ကြေညာဆောင်ရွက်ပေးရန်၊ မုန်တိုင်းဖြစ်ပွားသည့် နေရာဒေသကို ချက်ခြင်း တုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ မုန်တိုင်းဒဏ်ခံရသည့်နေရာများကို ပြောင်းရွေ့ပေးရေး၊ ကယ် ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိရေးနှင့် အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးကြရန် ဆွေးနွေးကြသည်။ အစည်းအဝေး၌ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ စီမံအဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး မျိုးခိုင်ဝင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များမှ ကဏ္ဍအလိုက် ဆွေးနွေးအကြံပြုခြင်း၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဝင်ဌာနဆိုင်ရာများ ကကဏ္ဍအလိုက် ဆွေးနွေးကြသည်။ မုန်တိုင်းဘေးအန္တရာယ်အတွက် ခရိုင်/မြို့နယ်အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ပြည်သူလူထုအား အချိန်နှင့်တပြေးည ကယ်ဆယ်ကူညီဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး၊ ဆွေးနွေးခဲ့ကြပြီး ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်ဝင်းမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဒီပါလင်း