လယ်ဝေး မေ ၁၀
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများဖြစ်သည့် အောင်မြင်ကုန်းရွာနှင့် တံတားဦးကျေးရွာတို့တွင် ယမန်နေ့နံနက် ၇ နာရီက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာလယ်ဝေးမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ၊ အေလာ၊ သရက်တော ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တကုမာရမထေရ်မြတ်ထံမှ တက်ရောက်လာကြသည် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်သည်။ ထို့နောက် လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ဆရာတော်၊ သံဃာတော်များထံ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေသည်။
ထို့နောက် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် ပင့်သံဃာများက အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့တွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)