တောင်ငူမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များ သရုပ်ပြဆောင်ရွက်
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သရုပ်ပြဆောင်ရွက်ခြင်းနှင့် လိုအပ်မည့်ပစ္စည်းကိရိယာများကြိုတင်စီစဥ်ဆောင်ရွက်ထားရှိမှုကို ယမန်နေ့နံနက် (၉)နာရီအချိန်က ခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။