ကလိန်အောင်မြို့၌ မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် တစ်စုံတစ်ခု ကျရောက်ပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ကယ်ဆယ်ရေး ပစ္စည်းများ ထားရှိ

ကလိန်အောင်  မေ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် သဘာဝဘေးတစ်စုံတစ်ခု ကျရောက်ပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ကယ်ဆယ်ရေး ပစ္စည်းများ အဆင်သင့်ကြိုတင် ထားရှိခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ကလိန်အောင်နယ်မြေ မီးသတ်ဦးစီးဌာနရုံးတွင် ပြင်ဆင်‌ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ထားရှိမှုတွင် MOCHA Cyclone မုန်တိုင်းအန္တရာယ် ကျရောက်လာပါက အလျင်အမြန် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ မော်တောရှာဖွေကယ်ဆယ်ရေး၊ စက်သုံးဆီ၊ စားသောက်ကုန်၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ မော်တော်ယာဥ်များ၊ အသက်ကယ်အင်္ကျီ၊ အသက်ကယ် ဘောကွင်း၊ အသက်ကယ်ကြိုး၊ တစ်ကိုယ်ရေသုံးပစ္စည်းများ အသင့်ဆောင်ရွက်ထားရှိကြောင်း နှင့် နယ်မြေမီးသတ်ဦးစီးဌာနတွင် ဦးစီးမှူး အပါအဝင် သန္ဓေ/ အရန် မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း( ၃၅)ဦးရှိကြောင်း ကလိန်အောင်နယ်မြေ မီးသတ်ဦးစီးဌာနရုံး ဒု-ဦးစီးမှူး ဦးကျော်မျိူထွန်းထံမှ သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)