သတင်းများ

မိုင်းကိုင်မြို့နယ်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ
May 10,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ပြောင်းလဲဖြစ်ပေါ်နေသည့် မိုးလေဝသအခြေအနေများနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
လိပ်သိုမြို့တွင် သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ်တုံ့ပြန်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 10,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာများနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ကူညီမှုများ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ် ၁/၂၀၂၃ သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
May 10,2023
စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ် ၁/၂၀၂၃ သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ ၉ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဒေးဒရဲမြို့ (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနှင့်ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို  ယနေ့နံနက်(၁၁)နာရီက ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
May 10,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပ
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာ၌ ယမန်နေ့နံနက် ၈:၃၀ နာရီတွင် ချောင်းဝကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ဝန်းသိုမြို့နယ်တွင် ဆောင်းမြေပဲနုတ်ချွေအငှားလိုက်သူများ တစ်ပိုင်တစ်နိုင် ဝင်ငွေရရှိလျက်ရှိ
May 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ဆောင်းမြေပဲသီးနှံပေါ်ချိန် မြေပဲနုတ်ချွေ အငှားလိုက်သူများ  တစ်ပိုင်တစ်နိုင် ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။ “ဒီနှစ်က မိုးရွာသွန်းမှုနည်းတဲ့အတွက် မြေသားကမာပြီး မြေပဲပင်နုတ်ရကြတ်တယ်၊ တစ်ချို့လဲ ရေသွင်းပြီးမှ နုတ်ကြရတယ်၊ အဲ့ဒီအတွက် ဈေးပိုပေးရတယ်၊ တစ်ချို့က မြေပဲတစ်တင်းကို ၂၅၀၀၊ ၃၀၀၀၊ ၃၅၀၀ အမျိုးအမျိုးဈေးပေးပြီး  ငှားရတယ်”
ကျောက်တန်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး မြေစိုက်ဘုတ်စိုက်ထူခြင်းအခမ်းအနားကျင်းပ
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း ကျောင်းနေအရွယ် ကလေးများအာလုံး ကျောင်းအပ်နှံရေးအတွက် မြေစိုက်ဘုတ်စိုက်ထူခြင်းအခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ယမန်နေ့နံနက် ၇ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။