(၁ဝ၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ချမ်းအေးသာစံ ဇွန် ၂၉

ဇူလိုင်လ ၁ ရက်နေ့တွင် ကျရောက်မည့် (၁ဝ၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့" အထိမ်းအမှတ် အခမ်းအနားကို ဇွန်လ ၂၉ ရက်နေ့ နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၃၀လမ်းနှင့် ၆၈ လမ်းထောင့်၊ စုပေါင်းရုံးဝင်းအတွင်းရှိ မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှူးရုံးတွင် ကျင်းပသည်။

အခမ်းအနားကို သမဝါယမဂုဏ်ပြု "လက်တွဲညီညာအတူ ပူးပေါင်းဆောင်ရွက်စို့" တေးသီချင်းဖြင့် ဖွင့်လှစ်ပြီး မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်မှ အဖွင့်အမှာစကားပြောကြား၍ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးထွန်းလှိုင်မှ အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်မှ ပေးပို့သည့်သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ထို့နောက် မြန်မာ့သမဝါယမ၏ နှစ်ပေါင်း(၁၀၀)ကျော် ဖြတ်သန်းလာခဲ့ပြီး လက်ရှိအောင်မြင်လျက်ရှိသည့် သမဝါယမအသင်းများ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယို ပြသခဲ့ပြီး (၁၀၁)နှစ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ (၂) နှစ်ပြည့် အထိမ်းအမှတ်ဝတ်စုံပေးအပ်ခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသူများမှ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ထုတ်လုပ်/ဝန်ဆောင်/ကုန်သွယ်သမဝါယမအသင်းများ၏ ပြခန်းနှင့်အရောင်းဆိုင်များအား လှည်လည်ကြည့်ရှုအားပေးခဲ့ကြ​ကြောင်း၊ အဆိုပါအခမ်းအနားသို့  မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်၊ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးထွန်းလှိုင်၊ ဒုတိယညွန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ၊ ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်