မန္တလေးပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောပွဲကျင်းပ

ချမ်းအေးသာစံ ဇွန် ၂၉

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ  မန္တလေးပညာရေးဒီဂရီကောလိပ်၊ ပညာတန်ဆောင်ခန်းမတွင် လူကူန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ကြီး ဒေါ်မိုးမိုးကြည်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယရဲမှူးကြီးအုန်းခိုင်က မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ရဲမှူးခင်မောင်သိန်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်သော သိမှတ်ဖွယ်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ဒုရဲမှူးတင်မောင်ထွန်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်အကြောင်းနှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာ အကြောင်းအရာများကိုလည်းကောင်း အသီးသီးဟောပြော၍ အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခဲ့သည်။

ယင်းဟောပြောပွဲသို့ သက်ဆိုင်ရာရဲတပ်ဖွဲ့ခွဲ အသီးသီးမှတပ်ဖွဲ့ဝင်များ၊ မန္တလေးပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီး ဒေါ်သီတာမိုး၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ နည်းပြ၊ သရုပ်ပြများနှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း(PPTT) အမှတ်စဉ် ၉/၂၀၂၃ မှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 ထိပ်ထားနိုင်