ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူနေမှုအား ဒုတိယညွှန်ကြားရေးမှူးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဇမ္ဗူသီရိ ဇွန်  ၂၉

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများတွင် ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဇီဝဆိုင်ရာအချက်အလက် Biometric Data ကောက်ယူလျက်ရှိသည့် ရပ်ကွက်/ကျေးရွာများသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ EID ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးပိုင်မြင့်နှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်သည် ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်တွင် Biometric Data ကောက်ယူနေမှုအား ကြည့်ရှုစစ်ဆေးရာ ပျဉ်းမနားခရိုင်ဦးစီးမှူး ဦးရဲဇင်လတ်နှင့် မြို့နယ်ဦးစီးမှူး ဦးထင်လတ်တို့က လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြီးစီးမှုများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)