ပျဉ်းမနား ဇွန် ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက မြန်မာ့စီးပွားရေးဘဏ်ရှိ ဝန်ထမ်းများနှင့် ပင်စင်လာရောက်ထုတ်ယူသူများ၊ ရန်အောင် ၂ ရပ်ကွက်အတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးပိုင်မြင့်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြန်မာ့စီးပွားရေးဘဏ်နှင့် ရန်အောင် ၂ ရပ်ကွက်အတွင်းရှိ ဝန်ထမ်းများနှင့် ပြည်သူများ စုစုပေါင်း ၄၅၇ ဦးအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူသည့် လုပ်ငန်းစဉ်ဆောင်ရွက်နေမှုများအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးပိုင်မြင့်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)