သန်လျင်မြို့နယ် မြစိမ်းရောင်ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေများထုတ်ချေး

သန်လျင် ဇွန် ၃၀

သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာ ၃၁ ရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

သန်လျင်မြို့နယ် မင်္ဂလွန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ ကျေးရွာစီမံကိန်းရန်ပုံငွေအား အဌမအကြိမ်မြောက် ထုတ်ချေးခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ကျေးရွာဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

ယင်းသို့ထုတ်ချေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ကြီးကြပ်၍ ဝန်ထမ်းများက ကျေးရွာမြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့နှင့်အတူ အသင်းသား (၂၄၀)ဦးအား လုပ်ငန်းအမျိုးအစားအလိုက် ငွေကျပ်သိန်း(၄၁၀)ကို ချေးငွေကာလ (၉)လ အတိုးနှုန်း တစ်ကျပ်ဖြင့် စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်ဆက်)