မိုင်းယန်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်

မိုင်းယန်း ဇွန် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် မိုင်းယန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင် ရာများ၊ မြို့နယ်မီးသတ်ဦးဌာနနှင့် ကျန်းမားရေးဝန်ထမ်းများတို့မှ ကျောင်းဝန်းအတွင်းရှိ ရေလှောင်ကန်များ၊ ရေပုံး၊ မြေအိုး၊ တာရာ၊ ရေကန်အဟောင်းနှင့် ရေတိုင်ကီအဟောင်းများရှိ ညစ်ညမ်းရေများကို သွန်ပေးခြင်း၊ အဖုံးမပါသော ရေအိုး၊ ရေကန်များကို ဖုံးပေးခြင်း၊ ပိုးလောက်လန်း ရှိ/မရှိ စစ်ဆေးပေးခြင်း၊ ရေကန်နှင့် ရေစည်များအတွင်း အဘိတ်ဆေးခတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ကျန်းမာရေးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်းတုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

ထွန်းထွန်းထူး