သတင်းများ

နတ်တလင်းမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် အသိပညာပေးနှိုးဆော်
May 12,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မေလဒုတိယပတ်အတွင်း  ဖြစ်ပေါ်လာနိုင်သော ဆိုင်ကလုန်းမုန်တိုင်းကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့မှစတင်၍ တာဝန်ရှိသူများကရပ်ကွက်၊ ကျေးရွာများအတွင်း မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံအသိပညာပေး နှိုးဆော်
May 12,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ညနေ (၅)နာရီအချိန်က   မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံအသိပေးဆောင်ရွက်နှိုးဆော်ခဲ့သည်။
ဘူးသီးတောင်မြို့၌ သဘာဝဘေးအပေါ်အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှုအား စစ်ဆေး
May 12,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်ပါက သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအတွက် လုပ်ငန်းသုံးပစ္စည်းများ အသင့်ကြိုတင်ပြင် ဆင်စုဖွဲ့ဆောင်ရွက်ထားရှိမှုအား ယနေ့မွန်းလွဲ၂နာရီခွဲအချိန်က စစ်ဆေးဆောင်ရွက်ခဲ့သည်။
သက်တော်ရှည် ကျေးဇူးရှင်ဂိုဏ်းချုပ် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တမေမာစာရ၏ (၉၈)နှစ်မြောက် ဝိဇာတ မင်္ဂလာကျင်းပ
May 12,2023
ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်၊ သက်တော်ရှည်ကျေးဇူးရှင်ဂိုဏ်းချုပ် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တခေမာစာရ၏ (၉၈)နှစ်ပြည့် ဝိဇာတမင်္ဂလာနှင့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်းခြင်း မဟာအခမ်းအနားကို မေ(၁၀)ရက် နံနက်(၇)နာရီက ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်း၌ ကျင်းပသည်။
မြေပုံမြို့၌ သဘာဝဘေးကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွှေ့ပြောင်းရေးလုပ်ငန်းများဆောင်ရွက်
May 12,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်နေမှု၊ ကာကွယ်ရေး ပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ အသင့်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး
May 12,2023
မွန်ပြည်နယ်အနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားနေစဉ်၊ ဘေးဖြစ်ပွားပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စုသို့ ရောက်ရှိသည်။ ရှေးဦးစွာ အလှပ်ကျေးရွာ၊ သာယာကုန်းကျောင်းတိုက် ဆရာတော်ကို ဖူးမြှော်ကြည်ညို၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
သိန္နီမြို့၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း(MSY)နှင့် ‌ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) သုံးသပ်ဆွေးနွေးပွဲကျင်းပ
May 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်း(MSY)နှင့် ‌ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က နောင်အွန်ကျေးရွာ ခန်းမ၌ ကျင်းပခဲ့သည်။
ဘီးလင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
May 12,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း(Book Club)(Youth Club)တို့ ပူးပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ)ရေးသားသည့် “လူငယ်နှင့်ဇွဲ“စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။