သတင်းများ

ရွှေသောင်ယံမြို့၊ အ-မ-က(၁၁၂) ခရင်ချောင်းကျောင်းတွင် KGအဆင့် ကလေးငယ်များအား ကိုဗစ် (၁၉)ကာကွယ်ဆေးများ ပထမအကြိမ် ထိုးနှံပေး
Jul 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၁)ရပ်ကွက်၊ အ-မ-က(၁၁၂) ခရင်ချောင်းကျောင်းတွင် ယနေ့နံနက် (၉)နာရီခွဲအချိန်က KG အဆင့် ကလေးငယ်များအား သပေါ့ကန်ကျေးလက်ကျန်းမာရေးဌာနအောက်ရှိ ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်(၁၉) ကာကွယ်ဆေးများကို ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ငွေဆောင်မြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ ကြီးမှူး၍ အခြေခံစားသောက်ကုန် ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရပ်ကွက်/ကျေးရွာများအတွင်း လှည့်လည်ရောင်းချပေး
Jul 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယနေ့နံနက် (၇) အချိန်မှ စတင်ကာ မြို့စည်ပင်သာယာရေးအဖွဲ့မှ ကြီးမှူး၍ အခြေခံစားသောက်ကုန် ပစ္စည်းများအား မြို့မလမ်း၊ ဇီးမော်နှင့် သဇင်ကျေးရွာများသို့ ​ကားဖြင့်လှည့်လည် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ သံဃာအပါး (၂၅၀)စာအား ပထမအကြိမ် ဘုံဆွမ်းလောင်းလှူဒါန်းပွဲ ပြုလုပ်
Jul 03,2023
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက်အပါအဝင် အခြားရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းအသီးသီးမှ နေ့စဉ်ဆွမ်းခံကြွတော်မူ သော ဆရာတော်၊ သံဃာတော်များ အား ယမန်နေ့ နံနက်(၆)နာရီအချိန်က မဟာအောင်မြေမြို့နယ် ၃၅-၆၉ လမ်းထောင့်တွင် သံဃာအပါး (၂၅၀) စာအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများဖြင့် ဘုံဆွမ်းလောင်းလှူဒါန်းခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍  မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန့်နေ့က ကွမ်းခြံကုန်းမြို့နယ် ကြခတ်ကုန်းကြီးကျေးရွာ လမ်းဘေးဝဲယာတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကံမမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 03,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ကံမမြို့နယ်၊ သာဇီကျေးရွာအုပ်စု၊ ဇီးဖြူကွင်းကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်းမကြီး(မိုင်တိုင်အမှတ်-၁၆၃/၁)အရှေ့ဘက်၌ ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဝါးခယ်မမြို့နယ်၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ
Jul 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ ဈေးရပ်ကွက်တွင် အခြေခံလူတန်းစားများ စားသုံးမှု အဆင်ပြေချောမွေ့စေရန်အတွက် ယနေ့ နံနက်ပိုင်းတွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မိုင်းပျဉ်းမြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အသိပညာပေး Talk Show ကျင်းပ
Jul 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ်အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပုသိမ်မြို့၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ခရိုင်၊ မြို့နယ် ကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်
Jul 03,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ခရိုင်၊ မြို့နယ်ကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားအား ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင် တိုင်းစစ် ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။