ကံမမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ကံမ ဇူလိုင် ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ကံမမြို့နယ်၊ သာဇီကျေးရွာအုပ်စု၊ ဇီးဖြူကွင်းကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်းမကြီး(မိုင်တိုင်အမှတ်-၁၆၃/၁)အရှေ့ဘက်၌ ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအုန်းဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစု‌ပေါင်း(၄၀၀)ဦးတို့တက်ရောက်ကြပြီး  ကျွန်းပင်(၂၀၀)ပင်၊ တမာပင်(၁၀၀)ပင်၊ ပိတောက်(၃၀)ပင်၊ ဇီးဖြူပင်(၃၀)ပင်နှင့် မယ်ဇလီပင်(၄၀)ပင် စုစုပေါင်းပျိုးပင်(၄၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ကံမမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ကျွန်း(၁၁၀၀၀)ပင်၊ ပျဉ်းကတိုး(၅၀၀၀)ပင်၊ ပိတောက်(၅၀၀၀)ပင်၊ ခရေ(၅၀၀၀)ပင်၊ တမာ(၁၅၀၀၀)ပင် စုစုပေါင်းပျိုးပင်ပေါင်း(၄၁၀၀၀)အား ပျိုးထောင်ထားရှိပြီး ပြည်သူများစိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)