ငွေဆောင် ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယနေ့နံနက် (၇) အချိန်မှ စတင်ကာ မြို့စည်ပင်သာယာရေးအဖွဲ့မှ ကြီးမှူး၍ အခြေခံစားသောက်ကုန် ပစ္စည်းများအား မြို့မလမ်း၊ ဇီးမော်နှင့် သဇင်ကျေးရွာများသို့ ကားဖြင့်လှည့်လည် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် ကြက်ဥ၊ ဝက်သား၊ ဟင်းသီးဟင်းရွက်စုံလင်စွာဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား ပြင်ပပေါက်စျေးထက် သက်သာသော စျေးနှုန်းများဖြင့် လိုက်လံရောင်းချပေးခဲ့ပြီး ထိုသို့ရောင်းချရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့ဌာနဆိုင်ရာများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးများက လိုက်ပါရောင်းချပေးခဲ့ပြီး ဒေသခံပြည်သူများမှလည်း ဝမ်းပန်းတသာဖြင့် ဝယ်ယူအားပေးလျက်ရှိကြောင်း သိရသည်။
R - 014( ငွေဆောင်)