ဝါးခယ်မ ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ ဈေးရပ်ကွက်တွင် အခြေခံလူတန်းစားများ စားသုံးမှု အဆင်ပြေချောမွေ့စေရန်အတွက် ယနေ့ နံနက်ပိုင်းတွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ အခြေခံလူတန်းစားများမှစ၍ သားငါးများနှင့် အသီးအရွက်များကို ဈေးနှုန်းသက်သာစွာဝယ်ယူ စားသောက်နိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ စီစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ဝါးခယ်မမြို့၊ ဈေးရပ်ကွက်၊ မြို့မဈေးတွင် ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးအဖွဲ့မှ ဈေးနှုန်းသက်သာသော အရောင်းဆိုင်ဖွင့်ပြီး ဝက်သားတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်နှုန်းဖြစ်လည်း ကောင်း၊ ကြက်ဥတစ်လုံးလျှင် (၂၅၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ကန်ဇွန်းရွက်(၃)စီး (၁၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ချဉ်ပေါင်ရွက်(၁)စီး (၅၀)ကျပ်နှုန်း ဖြင့်လည်းကောင်း ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)