ကွမ်းခြံကုန်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ကွမ်းခြံကုန်း ဇူလိုင် ၃     

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍  မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန့်နေ့က ကွမ်းခြံကုန်းမြို့နယ် ကြခတ်ကုန်းကြီးကျေးရွာ လမ်းဘေးဝဲယာတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးရဲတင့်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရဲမှူးသန်းလွင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးမြင့်စိန်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ကျေးရွာနေ ပြည်သူများ တက်ရောက်ကြပြီး မန်ဂျန်းရှား (၅၀) ပင်၊ မဲဇလီ(၅၀)ပင်၊  စုစုပေါင်း ပျိုးပင် (၁၀၀)ပင် စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)