ရွှေသောင်ယံ ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၁)ရပ်ကွက်၊ အ-မ-က(၁၁၂) ခရင်ချောင်းကျောင်းတွင် ယနေ့နံနက် (၉)နာရီခွဲအချိန်က KG အဆင့် ကလေးငယ်များအား သပေါ့ကန်ကျေးလက်ကျန်းမာရေးဌာနအောက်ရှိ ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်(၁၉) ကာကွယ်ဆေးများကို ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ KG ကလေးများအား ကိုဗစ် (၁၉)ကာကွယ်ဆေး ထိုးနှံရာတွင် ရွှေသောင်ယံမြို့၊ အမှတ်(၁)ရပ်ကွက်မှ အ-မ-က(၁၁၂) ခရင်ချောင်းကျောင်း၊ အ-မ-က(၇၉) ဂျိုင်လယ်ကျောင်း၊ အမှတ်(၂)ရပ်ကွက်မှ အ-မ-က(၁၈၃) ကျောက်တစ်လုံးကျောင်းတို့မှ KG အဆင့် ကလေးငယ်(၁၄)ဦးကို ပထမအကြိမ် ကိုဗစ်(၁၉)ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)