စဉ့်ကိုင် ဇူလိုင် ၅
၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပနိုင်ရေး လုင်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ် ဟောပြောပွဲများ၊ ပြိုင်ပွဲ၊ ပြပွဲများပြုလုပ်မည့် အစီအစဉ်ကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဦးအောင်သန်း၊ Youth Club အဖွဲ့ဝင်က ကျောင်းသား/ ကျောင်းသူ လူငယ်၊ လူရွယ်များ ကျောင်းစာအပြင် စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာပြီး စာပေများမှ အသိပညာဗဟုသုတများရရှိစေရန် ကဗျာရွတ်၊ ပန်းချီပြိုင်ပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲ၊ နံရံကပ်စာစောင်ဓာတ်ပုံ ပြပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ အသိပညာပေးဟောပြောပွဲကို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဦးသန်းဝင်း၊ပညာရေးဌာနက ပြိုင်ပွဲများတွင် ပြိုင်ပွဲ၀င်ဦးရေ သတ်မှတ်ပြီး အကဲဖြတ်အမှတ်ပေးဒိုင်များ ရွေးချယ်ရေးများကို တင်ပြဆွေးနွေးခဲ့ပြီး ဦးအောင်ဆန်း၊စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အဖွဲ့ဝင်နှင့် တက်ရောက်လာသော စာပေချစ်သူများအဖွဲ့ကလည်း ဆုများပေးအပ်ချီးမြှင့်နိုင်ရေး၊ ကျောင်းများသို့ ဖိတ်ကြားရေးစသည့်ကိစ္စရပ်များကို ဝိုင်း၀န်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော့မူယာမောင်