မောက်မယ်မြို့နယ်၌မွေးစမှအသက်(၂)နှစ်အောက်ကလေးငယ်များအားပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများလစဉ်ဆောင်ရွက်

မောက်မယ် ဇူလိုင်   ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မွေးစမှအသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း/ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို မြို့ပေါ်ရှိရပ်ကွက်များမှ ယနေ့နံနက်(၉)နာရီမှစ၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။  

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း/ ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို မောက်မယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကျန်းမာရေးဝန်ထမ်းများက လစဉ်ပုံမှန်ဆောင်ရွက်လျက်ရှိရာ မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် သတ်မှတ်ကာကွယ်ဆေးများဖြစ်သည့် ဘီစီဂျီ၊ အသဲရောင် အသားဝါဘီရောဂါ၊ ပိုလီယိုရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ၊ ပြင်းထန်အဆုပ်ရောင် (ပီစီဗီ)နှင့် ဆုံဆို့နာ၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ အစရှိသည့် ရောဂါများကို ကာကွယ်နိုင်ရန်အတွက် (၅)မျိုးစပ် ကာကွယ်ဆေးဖြစ်သည့် ထိုးဆေး/အစက်ချသောက် ဆေးတို့ဖြစ်ကြောင်း အသိပညာပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ် ဆေးထိုးနှံခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသေးသည့်ကျေးရွာများတွင်လည်း သက်ဆိုင်ရာကျန်းမာရေးဌာနခွဲတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဆရာမများ ထံမှသိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)