ပင်လုံမြို့အ-ထ-က-၁ကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်းအခမ်းအနားကျင်းပ

ပင်လုံ  ဇူလိုင်  ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့အထက(၁)ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်း အခမ်းအနားကိုယနေ့နံနက်(၉) နာရီကကျင်းပခဲ့သည်။

 ရှေးဦးစွာ အခမ်းအနားကိုတက်ရောက်လာကြသောဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများကကျောင်းကောင်စီသီချင်းကိုသံပြိုင်သီဆို၍ ဖွင့်လှစ်ပြီးကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေစင်ဝင်းက ဆုံးမသြဝါဒစကားနှင့် ကျောင်းကောင်စီဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ကျောင်းကောင်စီ အမှုဆောင်အဖွဲ့၏ အမည်စာရင်းများကြေငြာ၍ ကျောင်းအုပ်ဆရာမကြီးကတာဝန်ပေး အထိမ်းအမှတ် အလံများပေးအပ်ခဲ့ပြီးကျောင်းကောင်စီအမှုဆောင်အဖွဲ့နှင့် တစ်ကျောင်းလုံး ကတိသစ္စာခံယူခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သီချင်းစုပေါင်းသံပြိုင်သီဆို၍ ကျောင်းကောင်စီအဖွဲ့များအား လှည့်လည်ပြသကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)