သံတောင်ကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်သူများထံသို့ စာအုပ်များ ငှားရမ်း

သံတောင်ကြီး ဇွန် ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ဒေသခံပြည်သူများ၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်၊  အသိပညာဗဟုသုတတိုးပွားစေရန်အတွက် စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် စာဖတ်သူများအလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်ရန် ယနေ့နံနက်(၉) နာရီအချိန်က နယ်လှည့် စာကြည့်တိုက်ကို သံတောင်ကြီးမြို့ ရပ်ကွက်(၂)၌ ကွင်းဆင်း၍ စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။

ထို့သို့စာအုပ်များကွင်းဆင်းဌားရမ်းပေးရာတွင် သုတစာအုပ်၊ ဝတ္တု၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ပုံပြင်၊ ရုပ်ပြ စသည့်စာအုပ်များစုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သည့် စာအုပ်များအားတစ်ပတ်လျှင် တစ်ကြိမ် စာအုပ်အသစ်များဖြင့် အပတ်စဉ် လှည့်လည်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

စောမင်းသား(ပြန်/ဆက်)