လပွတ္တာမြို့နယ်၌ တိရစ္ဆာန်အစာပင် နေဗီယားနှင့် မွန်ဘားဆားမြက် မျိုးသရုပ်ပြ စိုက်ပျိုးခြင်းဆောင်ရွက်

လပွတ္တာ ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့ညနေပိုင်းက တိရစ္ဆာန်အစာပင် နေဗီယားနှင့်မွန်ဘားဆား မြက်တို့ကို စမ်းချောင်းကျေးရွာ ကျွဲမွေးမြူးခြံ၌မျိုးစိုက်ပျိုးခဲ့ကြောင်း သိသည်။

လပွတ္တာမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် အာဟာရပြည့်ဝသော  တိရစ္ဆာန်အစာပင်များ စိုက်ပျိုးသည့်စနစ်အရ ၂၀၂၃ ခုနှစ်၊ မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဥ်အဖြစ် လပွတ္တာမြို့နယ်၊ ရေဆိုင်ကျေးရွာအုပ်စု စမ်းချောင်းကျေးရွာရှိ ကျွဲမွေးမြူးရေးခြံ(၀.၅)ဧကတွင် နေပီယားနှင့် မွန်ဘားဆားမြက်မျိုးများ စိုက်ပျိုးခဲ့ကြောင်း၊ ၎င်းမြက်စိုက်ပျိုးခြင်းဖြင့် လွှတ်ကျောင်းစနစ်မှ ခြံလှောင်အစာကျွေးစနစ်ဖြင့်‌ ဆောင်ရွက်နိုင်ကြောင်း၊ အစာရှားပါးချိန်တွင် အာဟာရကြွယ်ဝသော အစာအဖြစ်ကျွေးမွေးနိုင်ကြောင်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ဌာနမှလည်း နေဗီယားနှင့်မွန်ဘားဆားမြက် ပျိုးပင်များကို အခမဲ့ဖြန့်ဖြူးပေးလျက်ရှိကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်နိုင်သိန်း ထံမှသိရသည်။

ခရိုင် (ပြန်/ဆက်)