လားရှိုး ဇွန် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊လားရှိုးမြို့ ပန်အုပ်ပရိယတ္တိစာသင်တိုက် ပြည်တော်အေးစေတီတော် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့ နံနက်(၉)နာရီ က ပန်အုပ်ပရိယတ္တိစာသင်တိုက် ဝတ္တကမြေအတွင်း၌ကျင်းပရာ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပင့်ဖိတ်ထားသော ဆရာတော် သံဃာတော်တို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍အခမ်းအနားကိုဖွင့်လှစ်ပြီး ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြကာ ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်တို့ကို ဆရာတော်အရှင်သူမြတ်တို့ထံ ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် ပန္နက်တော်တင်မည့်နေရာတွင် ဆရာတော်ကြီးများနှင့် ဥပါ့သကာများက နေရာယူပြီး မင်္ဂလာအချိန်တွင် ပြညတော်အေးစေတီတော် ပန္နက်တော်တင်ခြင်းကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)