သံတောင်ကြီး ဇွန် ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်၍ ဉယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ကော်ဖီစိုက်ပျိုးခြင်း လုပ်ငန်း သည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင် ကော်ဖီစေ့များ ဈေးကောင်းရရှိခြင်းကြောင့် ဒေသခံပြည်သူများမှာ ကော်ဖီစိုက်ပျိုးချိန်ဖြစ်သည့် ယခုဇွန်လ နောက်ဆုံးပတ် မိုးဦးစအချိန်တွင် ကော်ဖီပျိုးပင်များကိုမိမိတို့၏ ဉယျဉ်ခြံမြေများ၌ ပိုမိုစိုက်ပျိုးလာကြကြောင်း သိရသည်။
အဆိုပါ ဒေသခံပြည်သူများမှာ အများအားဖြင့် (၂) နှစ်သား ကော်ဖီပျိုးပင်များကို စိုက်ပျိုးပြီး (၃) နှစ်ခန့်တွင် အပွင့်များ စတင်ဖူးပွင့်လာပြီး (၄) နှစ်ခန့်တွင် အသီး များကို စတင်ခူးယူနိုင်သည်။ ဒေသခံ ပြည်သူများစိုက်ပျိုးသော ကော်ဖီအမျိုးအစားမှာ အာရေဗီကာကော်ဖီ (ကုန်းမြင့်ကော်ဖီ) နှင့် ရိုဘက်စတာကော်ဖီ (အပင်မြင့်ကော်ဖီ) ပင်များကို အများအားဖြင့် စိုက်ပျိုးကြသည်။ လွန်ခဲ့သောနှစ်များတွင် ကော်ဖီများ ဈေးကောင်းမရရှိခြင်းကြောင့် ကော်ဖီစိုက်ပျိုးသူ နည်းပါး သော်လည်း ယခုနှစ်တွင် ကော်ဖီစေ့တစ်ပိဿာကိုကျပ် (၁၀၀၀၀) မှ ကျပ် (၁၂၀၀၀) အထိရရှိပြီး ဈေးကောင်းရရှိခြင်းကြောင့် ကော်ဖီစိုက်ပျိုးသူများ ပိုမိုများပြား လာကြောင်း သိရသည်။
နော်နော်မူ