ရွှေကူ ဇွန် ၂၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံကျောင်းများမှ ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် အသက်(၅)နှစ်မှ(၁၂)နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက် ၉ နာရီခန့်က ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး (Sinopharm)ကိုသက်ဆိုင်ရာစုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဇွန်လ ၂၆ ရက် နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်းရှိ အခြေခံကျောင်းများမှ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာအုပ်စုအလိုက် ထိုးနှံပေးလျက်ရှိကြောင်းနှင့် မိဘအုပ်ထိန်းသူများ ကိုယ်တိုင် သက်ဆိုင်ရာပုံစံမှာ ဖြည့်သွင်းရေးခိုင်းစေပြီး မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက် ဖြင့်သာ ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် ရွှေကူမြို့ခံ ကျောင်းသားမိဘတစ်ဦးက “ကျွန်တော်ကလေးက ဒီနှစ် KG တန်းစတက်ပါတယ်။ သူ့အတန်းပိုင်ဆရာမက ကိုဗစ်ကာကွယ်ဆေး ထိုး၊ မထိုး လာမေးတယ်။ ကျွန်တော်ကထိုးမယ်လို့ ပြောပြီးခွင့်ပြုလိုက်ပါတယ်။ တစ်စုံတစ်ရာ စိုးရိမ်စရာမရှိပါဘူး” ဟု ဆိုပါတယ်။
ဆေးထိုးနှံပြီးသည့် ကျောင်းသားကျောင်းသူများကို မိနစ်(၃၀)ခန့် စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း၊ ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးရသေးသော ကျောင်းသား၊ ကျောင်းသူများကို ၂၈ ရက်နေ့ပြည့်ပြီးပါက ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်းနှင့် ဦးတည် အုပ်စုအလိုက် ကိုဗစ်ကာကွယ်ဆေးများကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)