မအူပင်ခရိုင်တွင် စားသုံးသူရေးရာ အသိပညာပေး (Talk Show) ကျင်းပ

မအူပင် ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး (Talk Show) ကို ယနေ့ညနေ (၃)နာရီက ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးနှင့် ခရိုင်စားသုံးရေးရာဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူးဦးအောင်ဇော်ဦးတို့မှ ကုန်ညွှန်းအမှတ် အသားနှင့်ပတ်သက်၍ သိကောင်းစရာများဖြစ်သည့် စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များ၊ ကုန်ညွှန်းပါခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်ညွှန်းအမှတ်အသားနှင့် ပတ်သက်ပြီး ဆောင်ရွက်နေမှုများအား အသိပညာပေးဆွေးနွေးခဲ့ကြသည်။

အဆိုပါအသိပညာပေး (Talk Show)အား ပြည်သူများအသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စဉ်ဆက်မပျက်ဆောင်ရွက် ပေး‌လျက်ရှိကြောင်းသိရသည်။

မအူပင်ခရိုင် (ပြန်/ဆက်)