မြစ်သား ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် လူမှောင်ခို လူကုန်ကူးမှုဆိုသည်မှာ ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ အဓမ္မခေါ်ဆောင်ခြင်း၊ လိမ်လည်ခြင်း၊ အာဏာအသုံးပြုခြင်း၊ ရပ်တည်ရန် ခက်ခဲသော အခြေအနေကို အလွဲသုံးစား ပြုလုပ်ခြင်း စသည်တို့ ပါဝင်ကြောင်း ဆွေးနွေးသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလွင်နှင့် အငယ်တန်းစာရေး ဒေါ်အိရွှေလင်းတို့က လူကုန်ကူးမှု အမျိုးအစားများ၊ လူကုန်ကူးမှု စုဆောင်းပေးသည့် နည်းလမ်းများ၊ ပြည်သူများကလည်း လူမှောင်ခိုလူကုန်ကူးမှု ပပျောက်ရေးနှင့် တားဆီးကာကွယ်သွားရန်အတွက် မိမိတို့တတ်စွမ်းသမျှ ပါဝင်ကာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း အကျယ် တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် အသိပညာပေး (Talk Show) အစီအစဥ်များကို ဌာနဆိုင်ရာများနှင့်လည်း ပူးပေါင်း၍ ပြည်သူများ သိသင့်သိထိုက်သည့် အကြောင်းအရာများကို လစဥ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)